မင်းလှ ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ တွေဆုံကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး ကိစ္စရပ်များ၊ ကျေးလက်မြို့ပြလမ်း၊တံတားနှင့် တည်ဆောက်ရေး ကိစ္စရပ်များ၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးစသည့် ကိစ္စရပ်များ လုံခြုံရေး ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်သန်းက နယ်မြေလုံခြုံရေးကိစ္စရပ်များကို ဆွေးနွေး ပြောကြားကာ ပူးပေါင်းပါဝင်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာ အကြီးအကဲများက ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပြီး၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ညှိနိုင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ပေါက်စ မင်းလှ