ဘိုကလေးမြို့ အဝင်အထွက်ဂိတ်များတွင် လုံခြုံရေးကိစ္စရပ်များ ဆက်လက်စစ်ဆေး ဆောင်ရွက်နေ

ဘိုကလေး ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များ ဖြစ်ကြသည့် ဖျာပုံ-ဘိုကလေး ကားလမ်းမပေါ်ရှိ ကုလားကြီးချောင်းဂိတ်နှင့် ဘိုကလေး-မော်ကျွန်းလမ်းပိုင်းရှိ သာပေါင်းစစ်ဆေးရေး ဂိတ်တို့တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်းကာ လုံခြုံရေးကိစ္စရပ်များ ဆက်လက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

စစ်ဆေးရာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေးနှင့် ရာဇဝတ်မှုကျူးလွန်သူများ ဝင်ရောက်ခိုလှုံမှု မရှိစေရေး၊ ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းများ၊ ဒုတ်၊ ဒါး၊ ဂျင်ကလိ၊ လက်လုပ်သေနတ်၊ အန္တရာယ်ဖြစ်စေနိုင်သည့် လက်နက်ကိရိယာများ သယ်ဆောင်ခြင်းရှိ/ မရှိ တို့ကို ဘိုကလေးမြို့သို့ဝင်/ထွက် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များအား နေ့/ ညမပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မိုးစက်