ရွှေဘိုမြို့နယ်တွင် ပဉ္စမအသုတ်(ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

ရွှေဘို ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ပဉ္စမအသုတ် (ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး  ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။

ထို့သို့ ပဉ္စမအသုတ်(ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ အနီးကပ်ကြီးကြပ်၍ အသက်(၁၈)နှစ်အထက်၊ နိုင်ငံဝန်ထမ်းများ၊ ဘုန်းကြီး/သီလရှင်/ဘာသာရေး ကျောင်းများ၊ ဈေးသူ/သားများနှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံမှ ဝန်ထမ်းများအား  ကိုဗစ်-၁၉ ကာကွယ် ဆေးများ ထိုးနှံပေးခြင်းဖြစ်သည်။

အဆိုကာကွယ် ဆေးထိုးခြင်းကို ဇီးတောကျေးရွာ (အမက)ကျောင်း၊ ဘုန်းဘွဲ့ကျေးရွာ ဘုန်းကြီးကျောင်းနှင့် ကျောက်မြောင်း တိုက်နယ်ဆေးရုံတို့တွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာခြင်းများကို စနစ်တကျ ဆောင်ရွက် ပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း ထံမှ သိရသည်။

ထွန်းမြင့်အောင်