ဖြူးမြို့နယ်အတွင်းရှိ မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေများပေးအပ်

ဖြူး ဩဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ ၂၀၁၉-၂၀၂၀မိုးစပါးရာသီ မျိုးစေ့ထုတ် တောင်သူများအား ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ သွင်းအားစု မျိုးကောင်းမျိုးသန့်များ လိုအပ်သည့်အချိန်တွင် ရယူသုံးစွဲ နိုင်ရန် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် (၁)နာရီတွင် ဖြူး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်စိန်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထွေး တို့က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး ဦးအောင်ကိုလတ်    ကထောက်ပံ့ပေးအပ် ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂၂)စုတွင် မိုးစပါးမျိုးစေ့ထုတ်တောင်သူ (၁၈၄ ) ဦး  အား အထွက်ကောင်း မျိုးစေ့ထုတ် တစ်ဧကလျှင် မျိုးစေ့တန်ဖိုး ငွေကျပ်(၈၅၀၀) ဖြင့်စိုက်ဧက (၇၄၈) ဧကအတွက် ငွေကျပ်(၆၅၃၈၀၀၀)၊ အရည်အသွေး ကောင်း မျိုးစေ့ထုတ်တစ်ဧကလျှင် မျိုးစေ့တန်ဖိုး ကျပ်(၁၀,၅၀၀)ဖြင့်စိုက်ဧက(၄၂)ဧကအတွက် ငွေကျပ် (၄၄၁,၀၀၀)၊ စိုက်ပျိုးစရိတ် တစ်ဧကလျှင် ငွေကျပ် (၇၅,၀၀၀)နှုန်းဖြင့်စိုက်ဧက(၇၉၀)အတွက်ငွေကျပ်(၅၉,၂၅၀,၀၀၀) စုစုပေါင်း ငွေကျပ်သိန်း (၆၆,၀၄၉,၀၀၀) ကို တာဝန်ရှိသူများက တက် ရောက်လာ သောတောင် သူများ အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

မနွယ်(ဖြူး)