ကန့်ဘလူ ဩဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် စီးပွားရေးကုစားမှု COVID-19 Economic Relief Plan (CERP) အစီစဉ်ဖြင့် မိုးကောင်းကျေးရွာနှင့်ကံရိုးကျေးရွာတို့တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၀)ထွန်စက်စခန်းမှ ကောက်စိုက်စက် နှစ်စီးဖြင့် ဩဂုတ်၉ ရက်မှစတင် စိုက်ပျိုးခဲ့ရာ ယခု(ဩဂုတ် ၂၅) ရက်တွင် ဘေးကြားစပါးမျိုး ၈၀ ဒသမ ၇၅ ဧကစိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
“ကိုဗစ်ကာလမှာ တောင်သူတွေအနေဖြင့် စီးပွားရေးအခက်အခဲနဲ့ လယ်ယာလုပ်သား ရှားပါးမှုကို ကုစားတဲ့အနေနဲ့ ကောက်စိုက်စက်တွေနဲ့ စိုက်ပျိုးပေးခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ လယ်ယာလုပ်ငန်းဝန်ဆောင်မှုအနေဖြင့် အခုလို ကောက်စိုက်စက် တွေနဲ့ ဝန်ထမ်းတွေက စိုက်ပျိုးပေးခဲ့ပါတယ်။ ဒီလိုကောက်စိုက်စက်နဲ့ စိုက်ပျိုးတဲ့ အတွက် လည်း မျိုးစပါးကုန်ကျမှုနဲ့ စိုက်ပျိုးစရိတ် သက်သာပါတယ်။ ဒါ့အပြင် ပင်ကြားတန်းကြားညီကာ လေဝင်လေထွက် ကောင်းမွန်၍ ပင်ပွားနှုန်း ကောင်းမွန်ကာ အထွက်နှုန်းလည်းကောင်း မွန်နိုင်တာကြောင့် တောင်သူတွေအတွက် အဆင်ပြေစေပါတယ်” ဟု မြို့နယ်စက်မှု လယ်ယာ ဦးစီးဌာနမှူး ဦးထွန်းထွန်းဝင်းကပြောသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)