လှိုင်းဘွဲမြို့နယ် လူစည်ကားရာနေရာများတွင်  နှာခေါင်းစည်းများတပ်ဆင်ရေး Mask Campaign ဆောင်ရွက်

လှိုင်းဘွဲ  ဇန်နဝါရီလ ၁၈

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မဖြစ်ပေါ်စေရေး၊ ကိုဗစ်မျိုးကွဲ အိုမီခရွန် (Omicron) ကူးစက်မှုအကြောင်း သိရှိနိုင်စေရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ ပြည်သူများအား လိုက်နာဆောင်ရွက်ရန်အတွက် အသိပညာပေးဆောင်ရွက်ခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ လူသွား လူလာများသော နေရာများတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ပူးပေါင်း၍ ပြည်သူများအနေဖြင့် အပြင်သွားရာတွင် Mask များ မဖြစ်မနေတပ်ဆင်ရန် အသိပညာပေးခြင်း၊ ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron) ကူးစက်မှုအကြောင်း အသိပညာပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်သော ညွန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးခြင်း၊ Mask တပ်ဆင်သွားလာခြင်းမရှိသူများအား Mask များ အခမဲ့ဖြန့်ဝေခြင်းကို လှိုင်းဘွဲမြို့ လူစည်းကားရာနေရာဖြစ်သော သရာဖန်ဒိုရှေးခန်းရှေ့၊ ပိုင်ကျုံလမ်းခွ၊ မြို့နယ်စည်ပင်သာယာမြို့မဈေးနှင့် လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)