ကြာအင်းဆိပ်ကြီးမြို့၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club မှ စာဖတ်ဝိုင်းကျင်းပ

ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၁၈

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ် အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်းများကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းကို ယမန်နေ့ ညနေပိုင်းပိုင်း ၃ နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နှိုးသူများအသင်း  Book Club  အဖွဲ့ဝင်များမှ စာရေးဆရာ မောင်မင်းစိုး၏ မအောင်မြင်ခြင်းရဲ့ ဇာစ်မြစ်များခေါင်းစဉ်ပါစာအုပ်၏  လူငယ်နဲ့စိတ်ကြီးဝင်ခြင်း၊ လူငယ်နဲ့ကိုယ်ချင်းစာစိတ်၊ လူငယ်နှင့်တည်ဆောက်မှု၊ လူငယ်နှင့်ယှဉ်ပြိုင်ခြင်း၊ မအောင်မြင်ခြင်း၏ဇာစ်မြစ်များ၊ ဆောင်းပါးများ၏ အကြောင်းအရာများအား စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ အဖွဲ့ဝင်တစ်ဦးချင်းစီအလိုက် အလှည့်ကျ တစ်ပုဒ်စီဖတ်ကြားပြီး ဆောင်းပါးပါအကြောင်းအရာများကို မိမိတို့၏ ထင်မြင်ယူဆချက်များ တွေးခေါ်မှုများအား အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး