ဟင်္သာတ ဩဂုတ် ၂၅
ဟင်္သာတမြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် ကျေးရွာ(၃)ရွာမှ အိမ်ထောင်စုများအတွက် ယနေ့နေ့လည်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးရန်ပုံငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုရှိ ဖောင်ဆိပ်၊ ငှက်ပျောတော၊ တာငုတ်ကျေးရွာတို့တွင် ယခုလ ၁၀ ရက်နေ့မှ ယမန်နေ့အထိ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင် ပြောင်းရွှေ့ အိမ်ခြေ (၃၅)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေကျပ်(၃,၅၀၀,၀၀၀)နှင့် လူဦးရေ (၁၁၃)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ ကျပ်(၂၃၇,၃၀၀) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံ ငွေကျပ် (၃,၇၃၇,၃၀၀)ကို ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအဖွဲ့က အဆိုပါ အိမ်ထောင်စုများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)