လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် အများပြည်သူတို့အတွက် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ နေ့စဉ်လွှင့်တင်ပေးလျက်ရှိ

လိပ်သို ဇန်နဝါရီ ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ၊ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာရေးဆရာကျော်ကျော်လှိုင်ရေးသားသော “တန်ဖိုးရှိသောနေ့” စာအုပ်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ မြို့ဦးစီးမှူး နော်နီလာအေးက စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မြို့ရုံးပြည်သူ့စာကြည့်တိုက်သို့ မလာရောက် နိုင်သည့် စာဖတ်ပရိသတ် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ၊ သားငယ်သမီးငယ်လေးများ အတွက် စာပေဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက Online မှတစ်ဆင့် သုတ/ရသ စာအုပ် မိတ်ဆက်အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြောခြင်း အစီအစဉ် ကဗျာလေးတွေ ရွတ်ကြမယ် အစီအစဉ်၊ စက္ကူအရုပ်ခေါက် အစီအစဉ်များကို စဉ်ဆက်မပြတ် လိပ်သိုမြို့ပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့်တင်ဆက် ပေးလျက်ရှိကြောင်း သိရသည်။

မြို့ (ပြန်/ဆက်)