ပန်းတနော် ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အလယ်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) လာရောက် ထိုးနှံကြသည့် ပြည်သူများအား ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ နာမည်စာရင်း အချက်အလက်များပြုစုခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ စစ်ဆေးပြီးမှ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး အသက် (၁၈)နှစ်နှင့်အထက် ကာကွယ်ဆေး မထိုးနှံရသေးသော မိဘပြည်သူများအားကာကွယ်ဆေး လာရောက်ထိုးနှံကြရန် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်( ပြန်/ ဆက်)