ကျောက်ကြီး သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေမြှင့်တက်လာမှု ကြောင့် မြို့ပေါ်ရပ်ကွက်အနိမ့်ပိုင်းရှိ အိမ်ထောင်စုဝင်များအား နီးစပ်ရာဆွေမျိုးများ နေအိမ်သို့ ယနေ့နံနက်ပိုင်းမှစတင်၍ ရွေ့ပြောင်းပေးခဲ့သည်။
ကျောက်ကြီးမြို့နယ်တွင် သြဂုတ်(၂၃)ရက်နေ့က မိုးရေချိန်(၄.၁၂)ရွာသွန်းမှုကြောင့် ချောင်းရေမြှင့်တက် လာကာ မြို့ပေါ် ချောင်းကမ်းဘေးမြေနိမ့်ပိုင်း တွင် နေထိုင်သောအိမ်များ သို့ ချောင်းရေ (၁.၅) ပေခန့်ဝင်ရောက်လာသဖြင့် ပဲခူးရပ်ကွက်ရှိ အိမ်ထောင်စု(၁၂)စု ၊ လူဦး ရေ(၆၇)ဦး တောင်ငူတန်းရပ်ကွက်ရှိ အိမ်ထောင်စု(၃)စု လူဦးရေ(၁၁)ဦး၊နီးစပ်ရာဆွေမျိုး များ အိမ်နှင့် မြို့ဦးဘုန်းတော်ကြီးကျောင်းများသို့ ယာယီပြောင်းရွှေ့ပေးခဲ့ရသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ရေသည် အန္တရာယ်ရေ အမှတ်(၁၁၇၀)စင်တီမီတာ၊ စိုးရိမ်ရေအမှတ် (၁၁၀၀) စင်တီမီတာ ဖြစ်ရာ ယမန်နေ့က (၉၄၀)စင်တီမီတာသို့ ရောက်ရှိပြီး ကျောက်ကြီးမြို့ ချောင်းရေမှာ(၁.၈)ပေခန့် မြင့်တက် လာခြင်းဖြစ်ကြောင်းသိရှိရသည်။
Kခိုင် (ပြန်/ဆက်)