အင်းစိန်မြို့နယ်၌ ယာဉ်အား မဆင်မခြင်မောင်းနှင်မှုကြောင့် လမ်းဖြတ်ကူးသူအား တိုက်မိ၍ ဒဏ်ရာများရရှိ

ရန်ကုန်  ဩဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ နေ့နေ့လယ် ၁:၄၀ နာရီ အချိန်က ယာဉ်အား မဆင်မခြင် မောင်းနှင်မှုကြောင့် လမ်းဖြတ်ကူးသူအား တိုက်မိ၍ ဒဏ်ရာများရရှိမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းအတိုင်း မြောက်မှတောင်သို့(ရွှေပြည်သာ ဘက်မှ အင်းစိန်ဘက်သို့) ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော ယာဉ်အမှတ်/အမျိုးအစား (စုံစမ်းဆဲ) ယာဉ်သည် ကျောင်းဂိတ်မှတ်တိုင် အနီး အရောက် အနောက်မှအရှေ့သို့ (ဖော့ကန်ရပ်ကွက် ဘက်မှ စဉ့်ငူရပ်ကွက်ဘက်သို့) လမ်းဖြတ်ကူးသူ ကိုတင်ဇော်ဇော်၊ (၃၈)နှစ်၊ (ဘ)ဦးမောင်ကြည်၊ အင်းစိန်မြို့နယ်နေသူအား တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားသဖြင့် ယာဉ်တိုက်ခံရသူ ကိုတင်ဇော်ဇော်တွင် ရင်ဘတ်ပွန်းစုတ်၊ ယာလက် ဖျံပွန်းစုတ်၊ ယာပေါင်ရင်းဖုရောင်ပေါက်ပြဲ၊ ဝဲခြေသလုံးဖူးရောင်၊ ပေါက်ပြဲ ဒဏ်ရာများရရှိကာ အင်းစိန် ဆေးရုံကြီးတွင် အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် ဆေးကုသမှု ခံယူလျက်ရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင် မောင်းနှင်ထွက်ပြေးသူ ယာဉ်အမှတ်/ အမျိုးအစား(စုံစမ်းဆဲ)အား အင်းစိန်မြို့မရဲစခန်းက တရားခံ ဖမ်းဆီးရမိရေး လိုက်လံစုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)