အရာတော်မြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးစရိတ် ချေးငွေများထုတ်ပေး

အရာတော်  ဩဂုတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် စိုက်ပျိုးစရိတ်ချေး‌ငွေ ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲရုံးနှင့် မြို့နယ်စည်ပင် သီရိရတနာခန်းမတို့တွင် ဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ ထုတ်ချေးရာတွင် အရာတော်မြို့နယ် သခွတ်ပင်လယ်ကျေးရွာ အုပ်စု၊  ဒုံဒစ်ကျေးရွာ အုပ်စု၊ ပေါက်ပင်ဆိပ် ကျေးရွာနှင့် ကိုင်းကျေးရွာများမှ တောင်သူ (၃၄၄) ဦးအတွက် ငွေကျပ် ( ၁၁၈၈.၀၀၀၀၀) သိန်း ထုတ်​ချေးပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ချေးငွေများထုတ်ပေးရာတွင် အရာတော်မြို့နယ်ရှိ ကျေးရွာအုပ်စု (၄၁) အုပ်စုတွင် (၃၉) အုပ်စုသာ ချေးငွေထုတ်ယူခဲ့ပြီး မလဲသာ ကျေးရွာအုပ်စုနှင့် ရေယို ကျေးရွာအုပ်စုတို့မှ ချေးငွေထုတ်ယူခြင်းမရှိကြောင်းနှင့် အဆိုပါကျေးရွာအုပ်စု (၃၉ ) အုပ်စု အတွက် ချေးငွေစုစု​ပေါင်းကျပ်   (၁၉၈၃၁၀၀၀၀၀) သိန်း ထုတ်‌ချေး​ပေးသွားမည်ဖြစ် ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးကျော်လင်း၏ ပြောပြ ချက်အရ သိရသည်။

 

သူရ(ပြန်/ဆက်)