စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော် တမူးခရိုင်အတွင်းရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

တမူး  ဇန်နဝါရီ   ၁၇

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တမူးခရိုင်အတွင်းရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် (၁၀)နာရီခွဲအချိန် က တမူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော် မှ အဖွင့်အမှာစကားပြောကြားပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ တိုင်းပညာရေးမှူး၊ တိုင်းကျန်းမာရေးမှူး၊ တိုင်းစည်ပင်သာယာရေးညွှန်ကြားရေးမှူးတို့မှ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာန ကဏ္ဍများအလိုက် အမှာစကားပြောကြားကြပြီးနောက် တမူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်အံ့မောင် က ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်မှ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ထောက်ပံ့ငွေ()သိန်းအား ထောက်ပံ့ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှလည်းကောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ထောက်ပံ့ငွေ ()သိန်း ထောက်ပံ့ပေးအပ်ရာ တမူးခရိုင် ရဲတပ်ဖွဲ့မှူးမှလည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် OSS ရုံးသို့သွားရောက်၍ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို သက်ဆိုင်ရာကျေးရွာတာဝန်ခံများသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ပြည်သူ့ဆေးရုံဝန်းအတွင်း တပ်ဆင်ထားသော Oxygen Plant စက်ရုံ တည်ဆောက်ထားမှုနှင့် Oxygen ထုတ်လုပ်မှု အခြေနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေ()သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ကြီး