ကဝမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအသိပညာပေးMaskCampaignဆောင်ရွက်

ကဝ ဇန်နဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင် မှုဖြင့် တာဝန်ကျဌာနဆိုင်ရာများက  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိ ပညာပေး Mask Campaignပြုလုပ်ခြင်းကို ပဲခူး-ကဝလမ်းမကြီးအမှတ် (၂)ရပ်ကွက်တံတားကြီးလမ်းထိပ်ယနေ့နံနက်(၉:၀၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့တာဝန်ကျဌာနဆိုင်ရာများကမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်  ကိုဗစ်-၁၉ရောဂါကူးစက်မှုကို  ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့သွားလာပါက  ပါးစပ်နှင့်နှာခေါင်းစည်းMaskကိုစနစ်တကျ တပ်ဆင်ရန်၊ လက်ကိုမကြာခဏဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်တို့ကို အသိပညာပေးပြောကြားပြီး ပါးစပ်နှင့်နှာခေါင်းစည်းMaskများမပါသူများကိုယခုဝယ်ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုလျော့ကျနေသော်လည်း  ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များကို  ဆက်လက်လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် အတွက် လူစည်ကားရာနေရာများတွင် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်  ဌာနဆိုင်ရာများအား အဖွဲ့(၅)ဖွဲ့ ဖွဲ့၍   နေ့စဉ်အလှည့်ကျ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)