ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြခြင်းဆောင်ရွက်

ပန်းတောင်း ဇန်နဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းကို ယနေ့နံက်ပိုင်းက အ.မ.က သီးကုန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အားကစားမှူးဒေါ်စောမာလာက ကျောင်းသား၊ ကျောင်းသူများကို အားကစားနှင့်ပတ်သတ်သော အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ပြီး လက်တွေ့အားကစားနည်းများကို လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများကို အတန်းလိုက် အားကစားသရုပ်ပြခြင်း လုပ်ငန်းများဆောင်ရွက်၍ အားကစားမှူးဒေါ်စောမာလာမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်​ ​မြင့်မြင့်ဌေးထံသို့ အားကစားပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)