ကော့ကရိတ် ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာ အသင်းတို့ ပူးပေါင်း၍ စာရေးသူ၊ စာဖတ်သူအကြို အသိပညာပေး (Talk Show) ကို ယနေ့ နံနက် (၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်က စာဖတ်ပရိသတ် လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် စာပေမှ ရရှိသည့် အသိပညာများကို သူတစ်ပါးအား ပြန်လည်မျှဝေပေးနိုင်ရန် ရည်ရွယ်၍ စာရေးသူ၊ စာဖတ်သူ အကြိုက် အသိပညာပေး(Talk Show) ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။ ထို့နောက် ကော့ကရိတ်မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးတင့်မော်က လူတိုင်းလူတိုင်းက စာကိုတော့ အနည်းအများတော့ ဖတ်ကြမည်ဖြစ်ကြောင်း၊ ကိုယ်ကြိုက်နှစ် သက်သည့် စာရေးဆရာများမှာ အမျိုးမျိုးရှိမည်ဖြစ်ကြောင်း၊ အကြိုက်ချင်း တူမည်မဟုတ်ကြောင်း၊ သက်ကြီးပိုင်းက အများအားဖြင့် သုတပိုင်းကို ပိုမိုကြိုက်နှစ်သက်ကြောင်း၊ လူငယ်/ လူငယ် စာဖတ်ပရိသတ်များမှ သုတထက် ရသစာအုပ်ကို ပိုမိုနှစ်သက်ကြကြောင်းနှင့် ယခုလို အသိပညာပေး (Talk Show)မှာ လူကြီး၊ လူငယ်ဖတ်ရှုနိုင်သည့် ကိုယ်ကြိုက်နှစ်သက်သော စာအုပ်ကို အများသူငှာ သိရှိအောင် ပြန်လည်မျှဝေဆွေးနွေးနိုင်သည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါ အသိပညာပေး (Talk Show)ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)