ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရန် ကျန်ရှိ သူများနှင့်၁၈နှစ်အထက် ပထမအကြိမ် ထိုးရန်သူများအား ဆက်လက်ထိုးနှံ

ပန်းတောင်း  ဇန်နဝါရီ  ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများနှင့် ၁၈နှစ်အထက် ပထမအကြိမ်ထိုးရန်သူများအား ဆက်လက် ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၆ )နေရာတွင်  ဆက်လက် ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများနှင့် အသက်၁၈နှစ်အထက် ပထမအကြိမ် ထိုးရန် သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၆)နေရာဖြစ်သည့် ကြခတ်ရပ်ကွက် (ဆုတောင်းပြည့် ဓမ္မာရုံ)၊ ထောက်ကြန့်ကုန်းကျေးရွာ(ဓမ္မရုံ)ကျီးတောကျေးရွာ(ဓမ္မရုံ)၊ ဖရုံကားကျေးရွာ(ဘုန်းကြီး ကျောင်း)၊ တောင်ဘို့ကြီး ကျေးရွာ(ခရစ်ယာန် ကျောင်း) ရေကျော်ကျေးရွာ (ဘက်စုံသုံးခန်းမ) တို့တွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျ ထိုးနှံ ဆောင်ရွက်ပေးနေကြောင်း သိရကာ ကာကွယ်ဆေးလာရောက်ထိုးနှံသူများ စိတ်အေးချမ်းစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယနေ့ ဆေးထိုးစုရပ်(၆)နေရာတွင် ဒုတိယအကြိမ် ထိုးရန်ကျန်ရှိသူများနှင့် ပထမအကြိမ်ထိုးမည့်သူများကို ကာကွယ်ဆေး လာရောက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပန်း​တောင်း​မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှု လျော့နည်း ပပျောက်စေရေးအတွက်  ကာကွယ်ဆေး မထိုးနှံရသေးသူများအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး သက်ဆိုင်ရာဆေးထိုးစုရပ်များတွင် ဒေသခံပြည်သူများက  စိတ်အားထက်သန်စွာ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြကြောင်းလည်း သိရသည်။   ထိုးနှံပေးရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

သင်းသင်းအေး