စစ်ကိုင်း ဩဂုတ် ၂၅
စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် “ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ကို မိမိကစ၍ ကာကွယ်ပါ” အကြောင်းအရာ များကိုလိုက်နာကာ မြို့နယ်အတွင်း ပြည်သူများအား အမြဲသတိရှိကြစေရန်အတွက် အသံချဲ့ စက်ဖြင့် ကျန်းမာရေး အသိပညာပေး များကို ယမန်နေ့က လိုက်လံဆော်ဩပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါမီးသတ်တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များနှင့် ပြည်သူအများသွားလာ နေသည့် အဓိက ကျသည့်နေများတွင် ရခိုင်ပြည်နယ်၌ ဩဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၂) ဦး တွေ့ရှိခဲ့ရပြီး ဩဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းအထိ တွေ့ရှိခဲ့သော ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာ (၆) ဦးတွင် ပြည်ပသို့ ခရီးသွားရောက်ခြင်း မရှိခြင်းကြောင့် ပြည်တွင်းကူးဆက်မှုဖြစ်နိုင်ကြောင်း သုံးသပ်ရပါသဖြင့် မိဘပြည်သူများ အားလုံး ကိုဗစ်-၁၉ ကပ်ရောဂါဆိုး အန္တရာယ်မှ ကင်းဝေးကြစေရန်နှင့် ရောဂါကို အထိရောက် ဆုံး ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ပြည်သူများလိုက်နာရန် အတွက် မေလ(၅)ရက်နေ့က ထုတ်ပြန်ပေးထားသည့် ကျန်းမာရေး အသိပညာပေး အကြောင်း အရာပါ (၁၀) ချက်ကို အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ပေးလျက် ရှိကြောင်း သိရသည်။
မျိုးဝင်း(ပြန်/ဆက်)