မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်

မိုးညို      ဇန်နဝါရီ      ၁၇

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်း စတင်ကျဆင်း လာချိန်တွင် မိမိတို့နိုင်ငံအတွင်းသို့ ဗီဇပြောင်းမျိုးကွဲ(အိုမီခရွန်) ရောဂါပိုးများ ထပ်မံဝင်ရောက် လာခြင်းကြောင့် ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်မလာစေရေးနှင့် ရောဂါဖြစ်ပွားမှု ပြင်းထန်စွာ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာက ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်း က မြို့ပေါ်ရပ်ကွက်၊ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း မျိုးကွဲ(အိုမီခရွန်)နှင့် ပတ်သက်၍ အလွန်စိုးရိမ် ထိတ်လန့်ခြင်းမပြုဘဲ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင်  ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား အကြိမ်ပြည့်မပျက်မကွက် ထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရ သည်။