ပုသိမ်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ပုသိမ်  ဇန်နဝါရီ   ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူ၊ ရောဂါကူးဆက်ခံရမှုများ ပပျောက်စေရန်   ရည်ရွယ်၍၊  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဦးစားပေး အစီအစဉ်များအရ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက အမှတ်(၉) ရပ်ကွက်၊ အ.ထ.က(၈)ကျောင်းဟောင်း ကျောင်းဝန်းအတွင်း၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ပုသိမ်မြို့၊  အမှတ်(၉) ရပ်ကွက်၊ အမှတ်(၁၀) ရပ်ကွက်မှ (ပထမအကြိမ်) ကာကွယ်ဆေး ထိုးပြီးသည့် မိဘပြည်သူ (၂၆၀)ဦးကို ဒုတိယအကြိမ်   ကာကွယ်‌များ ထိုးနှံပေးခဲ့ခြင်း ဖြစ်ပသည်။

အဆိုပါ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် မိဘပြည်သူများအား ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ဝန်ထမ်းများ၊  ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ကာကွယ်ဆေးထိုးနှံနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မေကြည်