ပေါင်းတည်မြို့၌ ကိုဗစ်-၁၉မျိုးရိုးဗီဇ မျိုးဗီဇပြောင်းအိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ပေါင်းတည် ဇန်နဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှုလျော့နည်း ကျဆင်းရေးအတွက် အသိပညာပေး လုပ်ငန်းများကို အဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ မျိုးရိုးဗီဇ မျိုးဗီဇပြောင်းအိုမီခရွန် (Omicron) အပါအဝင် ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ယနေ့နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း လိုက်လံအသိပေး​နှိုးဆော်ကြောင်း သိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇ မျိုးဗီဇပြောင်းအိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံကြရန်၊ နေအိမ်ပြင်ပသို့ မဖြစ်မနေ သွားလာရပါက ပါးစပ်နှင့်နှာခေါင်းစည်း Maskကို စနစ်တကျ တပ်ဆင်ရန် ၊Maskမတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေးပြုလုပ်ခင်း၊ သွားလာ ခြင်းကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးကြောရန် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို အသိပေးနှိုးဆော်ကြောင်း သိရသည်။

အေးအေးဆင့်