ငပုတော ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟင်းအိုးချောင်းကျေးရွာအုပ်စု ရေငံ-သရက်ကုန်းကျေးရွာတွင် အသက်(၁၈)နှစ်နှင့်အထက် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ပဥ္စမအကြိမ် စတင်ထိုးနှံပေးခြင်းကို ငပုတောမြို့နယ် ရေငံ-သရက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့ နံနက်(၁၀) နာရီအချိန်က Sinopharm အမျိုးအစား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်း များက ကိုဗစ်-၁၉ ကာကွယ်ရေး ညွုန်ကြားချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရန် စုရပ်သို့ ကာကွယ်ဆေးထိုးနှံခြင်းများအား စနစ်တကျ ထိုးနှံနိုင် စေရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူး မန်းကျော်သက်နှင့်အဖွဲ့ဝင်များ ကျေးလက်ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးဟန်ဝင်းအောင် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း သွေးအတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်း သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးကြပြီး ပုံမှန်ကျန်းမာရေး အခြေအနေရှိသူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးပါက နာရီဝက်ခန့်စောင့်ကြည့် ဆောင်ရွက်ပေးကြောင်းနှင့် ယနေ့တွင် ကာကွယ်ဆေးထိုးနှံပြီးသူဦးရေမှာ အမျိုးသား (၆၃) ဦးနှင့် အမျိုးသမီး (၉၇) ဦး စုစုပေါင်း (၁၅၀)ဦးရှိကြောင်း သိရသည်။
နုနုအေး