လှိုင်းဘွဲမြို့နယ်တွင် ပဉ္စမအသုတ်(ဒုတိယအကြိမ်)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ

လှိုင်းဘွဲ    ဇန်နဝါရီ   ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ  ဆရာတော်/သံဃာတော်များ၊ လူမှုရေးအသင်းအဖွဲ့များ၊  အသက်(၁၈)နှစ်အထက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ပဉ္စမအသုတ်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလာရောက် ထိုးနှံနေသော ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ သွေးပေါင် ချိန်တိုင်းတာပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေး ခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေး လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအနေဖြင့် ထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြကြောင်း၊ ပဉ္စမအသုတ်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့က လှိုင်းဘွဲ မြို့အောင်ဆန်းခန်းမတွင် (၄၄၀)ဦး၊ ရွှေဂွန်းတိုက်နယ်ဆေးရုံတွင် လူဦးရေ(၃၁၈)ဦး၊ စုစုပေါင်း လူဦးရေ (၇၈၅)ဦး ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)