ချောက် ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုခန်းမ၌ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့် ယနေ့ နံနက်က စာဖတ်ဝိုင်းပြုလုပ်သည်။
ရှေးဦးစွာ ချောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ ယင်းနောက် စာရေးဆရာ အောင်ကိုဦး (UMK)ရေးသားသော ``ကတိစကားလေး တစ်ခွန်း" (လူငယ်များအတွက် အတွေးအမြင်စာစုများ)စာအုပ်ထဲမှ လက်ခံတတ်ခြင်း၊ လျစ်လျူရှုခြင်း၊ တိုက်ခိုက်ခြင်းတွေရဲ့ အကြောင်း နားလည်လက်ခံတတ်ဖို့ ကတိဆိုသည်မှာ အပြန်အလှန် နှစ်ဦးကြားမှာ ထားရှိသည့် အကြောင်းအရာစသဖြင့် စာအုပ်ပါ အကြောင်းအရာတို့အား ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်း တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ ဝင်များကလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)