မြဝတီမြို့တွင်  ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

မြဝတီ ဇန်နဝါရီ ၁၇

ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့် ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်း ကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

အဆိုပါ နှိုးဆော်ချက်များတွင် အခြားသူများထံသို့ သွားရောက် လည်ပတ်ခြင်းမပြုကြရန်၊ အရာ ဝတ္ထုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပါဖြင့် စနစ်တကျဆေးကြောကြရန်၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ကြရန်၊  အပြင်သွားပါက နှာခေါင်းစည်းများ တပ်ဆင်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့်တပြေးညီ ထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြပါရန်၊ မိမိတို့၌ ရောဂါပိုးရှိသည်ဟု သံသယဝင်ပါက နီးစပ် ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကွင်းဆက် ပြတ်တောက်ရန်အတွက် မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြရန်နှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာ ကွယ်ရေးနှင့်ပတ်သက် သည့်အချက်များကို ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပိုးကရင်၊ မြန်မာနှစ်ဘာသာဖြင့် ရပ်ကွက်များအတွင်း လှည့်လည်၍ Hand Speaker ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)