ကော့ကရိတ်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကော့ကရိတ်  ဇန်နဝါရီ  ၁၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲ ကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်က မိမိတို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းသား/သူများအနေဖြင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ကြရန်၊ အမှိုက်စွန့်ပစ်ရာတွင် လိုက်နာရမည့် အလေ့အကျင့်ကောင်းများ၊ သဘာဝပတ်ဝန်းကျင်မပျက်စီးဖို့ ပလတ်စတစ်လျှော့သုံးကြစို့၊ မြို့တော်သန့်ရှင်းသာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၁)ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)