လှိုင်းဘွဲ ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေးအတွက် လမ်းခင်းခြင်း၊ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့(ဃ)ရပ်ကွက်၊ ရွှေကဆုပ်လမ်းတွင် ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် အများပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပထမ(၆)လပတ်၊ ခွင့်ပြုရန်ပုံငွေ(၁၉.၆)ကျပ်သန်းဖြင့် လမ်းအရှည် (၇၂၀)ပေ၊ အကျယ်(၁၂)ပေ၊ အထူ(၆)လက်မတို့ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက် လျက် ရှိကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)