ပန်းတောင်းမြို့နယ် ပေါ်တော်မူ(ရှင်ဖြူ) မြတ်စွာဘုရားကြီးတွင် (၂၁)ကြိမ်မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနား ကျင်းပ

ပန်းတောင်း  ဇန်နဝါရီ  ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပေါ်တော်မူ(ရှင်ဖြူ)မြတ်စွာဘုရားကြီးတွင် (၂၁)ကြိမ်မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂.၀၀နာရီ အချိန်က ပေါ်တော်မူ(ရှင်ဖြူ)မြတ်စွာဘုရားကြီးရှေ့တွင် ဆွမ်းဆန်တော် များ လောင်းလှူခဲ့ကြောင်း သိရသည်။

အခမ်းအနားကို(နမောတဿ)သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်သူရမှ သာသနာရေး ဆိုင်ရာများ တင်ပြလျှောက်ထားပြီး တက်ရောက်လာသူများမှ အောင်မြေဘုံစံဆရာတော်ကြီးထံတွင် ငါးပါးသီလခံယူတည်ဆောက်၍ ရေစက်ချ တရားနာယူ​ပြီး အမျှအတန်းပေးဝေခြင်းတို့ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထို့နောက်(ဗုဒ္ဓသာသနံစီရံတိဌတု)သုံးကြိမ်ရွတ်ဆိုပြီး ကြိမ်ရွတ်ဆိုပြီး ပင့်ဖိတ်ထားသော သံဃာတော်(၆၇)ပါးနှင့် သီလရှင်ဆရာလေး (၂၅)ပါးတို့အား ဌာနဆိုင်ရာ အဖွဲ့စည်းများ ရပ်ကွက်ကျေးရွာအုပ်စုများမှ အလှူရှင်များက ဆွမ်းဆန်တော်နှင့် လှူဘွယ်ပစ္စည်း အစုစုတန်ဘိုး‌‌ ငွေကျပ်(၃၅)သိန်းခန့်ကိုလောင်းလှူခဲ့ကြကြောင်းသိရသည်။

သင်းသင်း​ အေး