ကျိုက်ဒုံ ဇန်နဝါရီ ၁၇
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ချောင်းဝကျေးရွာ တောင်သူဦးအလောက်၏ နေအိမ်စိုက်ခင်းတွင် မိသားစုအပိုဝင်ငွေရရှိစေရေးအတွက် တစ်ပိုင်တစ်နိုင် မုန်လာဥပင်များနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားမှုကြောင့် နေ့စဉ် မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါစိုက်ခင်းတွင် မုန်လာဥပင်များ၊ ခရမ်းသီး၊ ရုံးပတီပင်များနှင့် ပဲတောက်ရှည်၊ ငရုတ်ပင်များအား တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားပြီး စိုက်ခင်းမှထွက်ရှိသည့် ဟင်းသီးဟင်းရွက်များအား ကျိုက်ဒုံမြို့မစျေးတွင် ပြန်လည်ရောင်းချရာ တစ်ရက်လျင် မိသားစုအပိုဝင် ငွေ (၂၀၀၀၀)ကျပ်အထိ ရရှိနေကြကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)