ပိုင်ကျုံ ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ အင်္ဂလိပ်စာလုံးဆက်နှင့် စက္ကူခေါက်ပြိုင်ပွဲများကို ဇန်နဝါရီလ ၁၆ရက်နေ့ညနေ ၃နာရီက ကျင်းပပြုလုပ်ပေးခဲ့သည်။
မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ ကလေးငယ်များအနေဖြင့် ဉာဏ်စွမ်းအား၊ အတွေး အခေါ်၊ အသိပညာဗဟုသုတများ ရရှိစေရန်၊ ပေါင်းသင်းဆက်ဆံရေးတွင် ချိုချိုသာသာပြော တတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စိတ်ဓာတ်ခွန်အားများ အကျိုးရှိစွာအသုံးချတတ်စေရန်၊ အများအကျိုးကိုဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့် တိုက်နှင့် ရင်းနှီးမှုရှိစေရန် စသဖြင့် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပေးခြင်း ဖြစ်သည်။
အဆိုပါ ကလေးငယ်များသည် ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး ဆုရရှိသည့် ကလေးငယ်များအား အမှတ်တရလက်ဆောင်များနှင့် မုန့်များကို ဆုများအဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)