ခေါဇာ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်မှုများ ဆောင်ရွက်

ခေါဇာ ဇန်နဝါရီ ၁၇

ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်နိုင်ရေးအတွက် မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက် ၁ဝ နာရီက ခေါဇာမြို့ တိုးချဲ့ကွက်သစ်တွင် (ဗီဇပြောင်း) အိုမီခရွန်ရောဂါကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။

အသိပေးနှိုးဆော်ရာတွင် ပြည်သူလူထုအနေဖြင့် အဆိုပါ ရောဂါပိုးနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ကြောင့်ကြခြင်း မပြုကြရန်၊ တစ်ဦးချင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်များကို လိုက်နာကြရန်၊ သံသယရောဂါ လက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း သတင်းပေးပို့ကြရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံမှု (မပျက်မကွက်)အကြိမ်ပြည့် ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကိုကာကွယ် ဆေးထိုးနှံပေးရန်အတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပို့ဆောင်ပေးကြရန် စသည့် အချက်များကို အသိပေးတိုက်တွန်း နှိုးဆော်ပေးခဲ့ကြကြောင်း သိရသည်။

ခေါဇာ(ပြန်/ဆက်)