ကမမောင်း ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်း စေရေး၊ ရောဂါအမြန်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခြင်းကို ကမမောင်းမြို့ အုန်းတောကျေးရွာ အခြေခံပညာကျောင်းများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကမမောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် တိုးတက်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ မူလွန်(၁)၊ အလက(ခွဲ)-၃၊ အလက(ခွဲ)-၄ ကျောင်းများ၌ ကျောင်းသား/ကျောင်းသူများအား ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် ကမမောင်းမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမဒေါ်နန်းယုဝေ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံမည့်သူများအား ဆေးမထိုးခင် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းများ စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေ လွယ်ကူစေရေးအတွက် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)