လိပ်သို ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် အိုမီခရွန်နှင့်ပတ်သက်၍ ပြည်သူများသိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍ အိုမီခရွန်အကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး နော်နီလာအေးက (Talk Show)ဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လိပ်သို တိုက်နယ်ဆေးရုံသားဖွားဆရာမ နော်ထီနေအေးက အိုမီခရွန်အပါ အဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ကာကွယ်ပါ၊ အိုမီခရွန်ဗီဇမျိုးကွဲဆိုတာဘာလဲ၊ မိမိကိုယ် တိုင်နှင့် အခြားသူများကို အိုမီခရွန်မှ မည်သို့ကာကွယ်နိုင်မည်နည်း၊ အိုမီခရွန်၏ ထူးခြားသောအချက်များ အစရှိသည့် အကြောင်း အရာများကို Online မှတစ်ဆင့် အသိပညာပေးဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့(ပြန်/ဆက်)