စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ခန္တီးမြို့ “ပန်းခင်း” စီမံချက်ချာထားချက် ရာနှုန်းပြည့် ပြီးမြောက် အောင်မြင်ပွဲနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားနှင့် ခန္တီးမြို့နှင့် ဆင်သ

မုံရွာ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ(၁၅)ရက်၊ မွန်းလွဲပိုင်းတွင် ခန္တီးခရိုင်၊ ခန္တီးမြို့၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာန၏ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး ဒေသခံ နာဂတိုင်းရင်းသားများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပြီး ‘‘ပန်းခင်းစီမံချက် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြသော ခန္တီးမြို့နယ်၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများထံ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်နှင့် စားသောက်ဖွယ်ရာများအား ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး က ရှမ်းတိုင်းရင်းသား တစ်ဦးထံ နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ကချင် တိုင်းရင်းသားတစ်ဦးထံ နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား လည်းကောင်း၊ လူမူရေးဝန်ကြီး ဦးအေးလိူင်က နာဂတိုင်းရင်းသားတစ်ဦးထံ နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ချင်းတိုင်းရင်းသား တစ်ဦးထံ နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား လည်းကောင်း အသီးသီး ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူ ဦးဉာဏ်လွင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့သည်။

ခန္တီးမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနအနေဖြင့်ပန်းခင်းစီမံချက်အား ၂၀၂၁ ခုနှစ်၊ ဧပြီလ မှစတင်၍ ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ (၁၄)နေ့အထိ ()လကျော်အတွင်း အသက်ပြည့်မီ လာသူများကိုပါ ဆောင်ရွက်ပေးခဲ့၍ သက်မှတ် လျာထားချက်ထက် ကျော်လွန်ကာ  (၁၁၄.)ရာခိုင်နှုန်းထိ ပြီးစီးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းသေကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်နေ အသက်ပြည့်မီလာသည့် ပြည်သူများအား ပန်းခင်းစီမံချက်အရ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထပ်မံပြု လုပ်ပေးနေမှု များအား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ ဇီးဖြူးကုန်းရပ်ကွက်ရှိ နာဂရိုး ရာကွင်းတွင် ဒေသခံပြည်သူများအား Phase 6 ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ မြသိန်းတန် စေတီတော်ကြီးအား ချင်းတွင်းမြစ်ရေတိုက်စားမှုမှ ကာကွယ်ရန်နှင့် ခန္တီးမြို့မြစ်ကမ်း တစ်လျှောက် ရေတိုက်စားမှုမှ ကာကွယ်ရေး ဆောင်ရွက်ထားသည့် ရေထိန်းတာဘောင်များ ကြံ့ခိုင်မှုနှင့် ချင်းတွင်းမြစ်အတွင်း ရေစီးရေလာ ကောင်းမွန်ရေး၊ မြစ်အတွင်း သန့်ရှင်းသက်ရပ်ရေး တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ(၁၆)ရက် နံနက်ပိုင်းတွင် ခန္တီးမြို့နယ် ဆင်သေကျေးရွာ၌ တိုင်းဒေသကြီး ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၊ တံတား တည်ဆောက်ရေးအဖွဲ့မှ တာဝန်ယူ တည်ဆောက်ထားသော နမ်မုံ-ဆင်သေ-ကချင်  နမ့်သဲကြီးချောင်းပေါ်ရှိ အရှည်-၁၈၀ ပေ၊ အကျယ်-၂၀ ပေ၊ သံကူ ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် ချဉ်းကပ်လမ်းတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဆင်သေကျေးရွာ အဝင်လမ်း မြေသားတာဘောင်တင်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းမည့် နေရာအားကြည့်ရှုစစ်ဆေးပြီး ဆင်သေကျေးရွာ၊ ပညာရေးဝန်ထမ်းအိမ်ယာ တည်ဆောက်ပြီးစီးမှုတို့အား လည့်လည်ကြည့်ရှု စစ်ဆေးပြီး ဆရာ၊ ဆရာမများနှင့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)