အိမ်မဲ ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်များတွင် "စည်းကမ်းမဲ့ အမှိုက်မပစ်ရ" ဆိုင်းဘုတ်များကို ယမန်နေ့က လိုက်လံစိုက်ထူခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အိမ်မဲကြီးရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လယ်ပေါ်ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အထက်ပိုင်းရပ်ကွက်၊ နွယ်နီလမ်းထိပ်နှင့် အထက်ပိုင်းရပ်ကွက်၊ (၉)လမ်းတို့တွင် "စည်းကမ်းမဲ့အမှိုက်မပစ်ရ" ဆိုင်းဘုတ်များအား စိုက်ထူထားရှိပြီး စည်ကမ်းမဲ့အမှိုက်စွန့်ပစ်သည်ကို တွေရှိပါက ဒဏ်ငွေ (၅၀၀၀၀)ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်