ကျိုက်လတ်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ပထမ/ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ကျိုက်လတ် ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုရောဂါကြောင့် သေဆုံးသူ၊ ရောဂါကူးဆက်ခံရမှုများ လျော့နည်းစေရန်   ရည်ရွယ်၍၊  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဦးစားပေး အစီအစဉ်များအရ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီက အမှတ်(၃)ရပ်ကွက် စန္ဒမုနိဘုရားဝန်းတွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်‌ဆေးနှင့် ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကျိုက်လတ်မြို့နယ် အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ ခနောင်ကျေးရွာအုပ်စု၊ တဲ့တဲ့ကူး‌ကျေးရွာအုပ်စု၊  ကိုင်းချောင်းကျေးရွာအုပ်စုတို့မှ ယနေ့တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသူ (၁၁၄)ဦးအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံရသေးသည့် အသက်(၁၈)နှစ် အထက် ပြည်သူ (၁၇၆)ဦးအား ပထမအကြိမ် ကာကွယ်‌များ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး လာရောက်ထိုးနှံသူပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ကာကွယ်ဆေးထိုးနှံနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်