ရေနံချောင်း မြို့နယ်တွင် ရေနံလက်ယက်တွင်းတိမ် စမ်းသပ်တူးဖော်ခွင့် လျှောက်ထားမှုအပေါ် ကွင်းဆင်း စစ်ဆေးမှု ဆောင်ရွက်

ရေနံချောင်း ဇန်နဝါရီ   ၁၇

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ရှိ မင်းလင့်တောင်ဒေသတွင် ရေနံလက်ယက် တွင်းတိမ်စမ်းသပ် တူးဖော်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရေနံချောင်းမြို့နယ်   စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့သည် ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်အတူ ရေနံလက်ယက် တွင်းတိမ်စမ်းသပ် တူးဖော်ခွင့်လျှောက်ထားမှုများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တာဝန်ရှိသူများများနှင့်အတူ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ငြိမ်းငြိမ်းအိ