ပိုင်ကျုံမြို့  ပတကျေးရွာအုပ်စု ဂါတ်တဲကုန်း-ပတချောင်းနား ကျေးရွာချင်းဆက်လမ်းအား မြေသားလမ်းခင်း

ပိုင်ကျုံ  ဇန်နဝါရီ  ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့‌ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ‌ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့  ပတကျေးရွာအုပ်စု ဂါတ်တဲကုန်း-ပတချောင်းနား ကျေးရွာချင်းဆက်လမ်းအား မြေသားလမ်းခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းသည် (၁ မိုင် x ၁၂ ပေ x ၁ ပေ)ရှိပြီး ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာ‌ရေးနှစ် (ပထမအကြိမ်) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချ‌ရေး ရန်ပုံငွေ(၄.၉)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ကျေးရွာတာဝန်ရှိသူတို့မှ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ယင်းလုပ်ငန်းများ ပြီးစီးပါက‌ ဒေသနေပြည်သူများ၏ လူနေမှုဘဝနှင့် သွား‌ရေးလာ‌ရေးအတွက် အဆင်‌ပြေ လွယ်ကူ‌လာမည် ဖြစ်ကြောင်း သိရှိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)