ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၁၆
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ် စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ် သော အတွေးအခေါ်အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်းများကို လေ့လာ ဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်း များကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်းကို ယမန်နေ့ ညနေပိုင်းပိုင်း ၃ နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပ ရာ စာအုပ်စာစောင်ချစ်မြတ်နှိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ စာရေးဆရာ အောင်ကိုဦး(UNK)၏ ကတိစကားလေးတစ်ခွန်းခေါင်းစဉ်ပါစာအုပ်၏ လယ်သမားနဲ့စိန်တုံး များစွာ၊ လှတာလေးမှသဘောကျတယ်၊ လိမ့်ပြာသန့်ပါစေ၊အတိမ်အနက်ကိုကြည့်ပါ၊ ကတိ စကားလေးတစ်ခွန်း၊ ခေါင်းစဉ်ဆောင်းပါးပါ၏ အကြောင်းအရာများအားစာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ အဖွဲ့ ဝင်တစ်ဦးချင်းစီအလိုက် အလှည့် ကျ တစ်ပုဒ်စီဖတ်ကြားပြီး ဆောင်းပါးပါအကြောင်းအရာများကို မိမိတို့၏ ထင်မြင်ယူဆ ချက်များတွေးခေါ်မှုများအား အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး