ကော့ကရိတ် ဇန်နဝါရီ ၁၆
ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန်နှင့် အတွေးအခေါ် စွမ်းရည်မြင့်မားလာစေရန်၊ စုပေါင်းယှဉ်တတ်သည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိလာစေရန်ရည်ရွယ်၍ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဘောလုံးခြင်းထဲသို့ ပစ်ထည့်ခြင်းနှင့် အရုပ်ပုံဆက်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘောလုံးခြင်းထဲသို့ ပစ်ထည့်ခြင်းပြိုင်ပွဲတွင် အမက (၁၇) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၂) ဦးတို့က ၆ ဦးလျှင် တစ်ဖွဲ့နှုန်းဖြင့် နှစ်ဖွဲ့ယှဉ်ပြိုင်ခဲ့ကြပြီး၊ အရုပ်ပုံဆက်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၆) ဦးတို့က ၄ ဦးလျှင် တစ်ဖွဲ့နှုန်းဖြင့် လေးဖွဲ့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အနိုင်ရရှိသည့် အဖွဲ့များအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)