မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် ဌာနဆိုင်များပူးပေါင်းအဖွဲ့မှ ကွင်းဆင်း ဆောင်ရွက်

အထက်မင်းလှ ဇန်နဝါရီ ၁‌‌၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်မင်းလှမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့နံနက် ၈ နာရီက မင်းလှမြို့နယ်‌ ကျောက်လက်ခတ်ကျေးရွာ၊ မြောက်လည်ကျေးရွာ၊  ဥသျှစ်ကုန်းကျေးရွာ၊  စစ်သူငယ် ကျေးရွာများတွင် လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်သန်းနှင့် ဌာနဆိုင်ရာများအဖွဲ့မှ ရွာသာယာကျေးရွာ၊ တမာကျောကျေးရွာ၊ တလုတ်ရင်းကျေးရွာ၊‌ ဘွေကြီး ကျေးရွာများတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အသိပေးရှင်းလင်းဆွေးနွေးခဲ့‌ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ    ဦးသန်းထွန်းအောင်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်သန်းတို့မှ မင်းလှမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများအပါအဝင်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က လာရောက်အသိပေး ရှင်းလင်း ဆွေးနွေးခြင်း ဖြစ်ကြောင်း ကျေးရွာ‌နေပြည်သူများအနေဖြင့် မိမိတို့၏ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေလုံခြုံရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်ဆေးထိုးအကြိမ်ရေ ပြည့်စွာထိုးနှံကြရန်နှင့် ကျောင်းသား/ သူများ  အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက်  မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင် ဗိုလ်မှူးမြတ်သူ၊ ဦးစန်းအောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဌေးနှင့် ဌာနဆိုင်များမှ ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ   အကောင် အထည်ဖော် ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျေးရွာနေပြည်များမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန် ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)