အင်္ဂပူ ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသ အတွင်းရှိ ဆန်စက် လုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ဖြစ်ပွားလာပါက အရေးပေါ် မီးငြှိမ်းသတ်ရန် မီးစစ်ဆေးခြင်းများအား မြို့နယ် မီးသတ်စခန်းတာဝန်ခံ ဦးတင်မောင်ထွေး၊ ခြောက်ရွာဒေသ အရံမီးသတ် ဒုတပ်ရင်းမှူး ဦးဝင်းနိုင်၊ အင်္ဂပူမြို့နယ် မီးသတ်စခန်းမှ အဖွဲ့ဝင်(၅) ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယနေ့နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကွင်းကောက်ဒေသ အတွင်းရှိ ဆန်စက်လုပ်ငန်းများအား မီးဘေးကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ်ဖြစ်ပွားလာပါက အရေး ပေါ်မီးငြိမ်းသတ်ရန်အတွက် မီးတားလမ်းများဖောက် လုပ်စေခြင်း အပေါ့စား ရေစုပ်စက်အသင့်ထားရှိရန်နှင့် အရေးပေါ် ဖြစ်ပွားပါက မီးငြိမ်းသတ်နိုင်ရန်အတွက် မီးသတ်ဆေးဘူးများထားရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ firepointများစစ်ဆေးခြင်း၊ အရေးပေါ်အပေါ့စားရေစုပ်စက်များစစ်ဆေးခြင်း၊ အရေးပေါ် အဝင်ထွက်လမ်းများ သတိပေးဆိုင်းပုဒ်များ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြပြီး မြို့နယ်မီးသတ်စခန်း တာဝန်ခံ ဦးတင်မောင်ထွေး ကဆန်စက်လုပ်ငန်းရှင်နှင့် ဆန်စက် လုပ်သားများအား မီးဘေးအန္တရာယ်သတိမူရေးနှင့်အရေးပေါ် မီးသတ်ဆေးဘူး အသုံးပြုပုံများအား ရှင်းလင်း ပြောကြားပြီး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)