ဆင်ပေါင်ဝဲမြို့နယ်၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(VDP) စီမံကိန်းဖြင့် ဆောင်ရွက်နေသည့်  ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ဆင်ပေါင်ဝဲမြို့နယ်၊ လယ်ကျိုးကျေးရွာတွင် ၁၂ ပေအကျယ် ၆ လက်မထု၊ ပေ ၇၀၀ ကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် မကြီးစမ်းကျေးရွာ ကွန်ကရစ် ဘီးလမ်းအရှည် ၁၄၀၀ ပေ ဆောင်ရွက်နေမှုအခြေအနေများအား မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)