ဆင်ပေါင်ဝဲမြို့နယ် ကျောက်ဆောင်စမ်းကျေးရွာ ကိုယ့်အားကိုယ်ကိုး မြေနီ ကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်ဆောင်စမ်းကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့က အဆိုပါနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် စက်ယန္တရားဖြင့် မြေပြင်မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းအခက်အခဲရှိပါကအမြန်ဆုံးတင်ပြရန်နှင့် မိမိဘက်မှ တတ်နိုင်သမျှကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

အဆိုပါကျောက်ဆောင်စမ်းကျေးရွာတွင် ရွာတွင်းလမ်း(၄)လမ်းအား ကိုယ့်အားကိုယ်ကိုးအနေဖြင့် မြေနီကျောက်စရစ်လမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)