တနင်္သာရီမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ စာစစ်ဌာန (၃) ခုတွင် ကျောင်းသူ/သား (၃၆၀) ဦး ဝင်ရောက်ဖြေဆိုမည်

တနင်္သာရီ ဇန်နဝါရီလ ၁၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင်၂၀၂၂ခုနှစ်၊ မတ်လနှင့် ဧပြီလအတွင်း ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် စာစစ်ဌာန(၃)ခုမှ အတွင်းဖြေဆိုသူ (၂၄၀) ဦး နှင့် ပြင်ပဖြေဆိုရန် (၁၁၃) ဦး၊ ကျောင်းသူ/သားပေါင်း (၃၅၃) ဦးတို့က တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန်အတွက် မူလသတ်မှတ်ကာလ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းထားရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (နေပြည်တော်) မှ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုရန် ဝင်ခွင့် လျှောက်ထားခြင်းအား ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်အထိ ရက်တိုးပြင်ဆင် သတ်မှတ်ချက်အရ တနင်္သာရီမြို့နယ် အထက-တနင်္သာရီ စာစစ်ဌာန၌ အတွဲ(၁)မှ ပြင်ပဖြေဆိုရန် ကျား (၂) ဦး+ မ(၄)ဦး နှင့် အထက-မော်တုန်းစာစစ်ဌာနတွင် အတွဲ(၁)မှ ပြင်ပဖြေဆိုသူ ကျား(၁) ဦဂ စုစုပေါင်း ပြင်ပဖြေ ဆိုရန် ကျောင်းသူ/သား (၇) ဦး ထပ်မံစာရင်းတိုးလာကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သို့ပါ၍ အထက-တနင်္သာရီ စာစစ်ဌာန၌ အထက-တနင်္သာရီ+အထက-ဇဝဲရွာ+အထက (ခွဲ) မောတောင် ကျောင်းများမှ ကျောင်းသူ/သားများ အတွင်းဖြေဆိုမှု ကျား(၅၂)ဦး+မ(၈၉)ဦး၊ ပေါင်း (၁၄၁) ဦး။ ပြင်ပဖြေဆိုမှုမှာ ကျား(၃၀) ဦး+ မ(၉၀)ဦး၊ ပေါင်း(၁၂၀)ဦး ပေါင်း(၂၆၁)ဦး ဖြစ်သည်။

အလားတူ အထက-ညောင်ပင်ကွင်းစာစစ်ဌာန၌ အထက-ညောင်ပင်ကွင်းနှင့် အထက (ခွဲ) သဘော့လိပ်ကျောင်းတို့မှ အတွင်းဖြေဆိုမှုတွင် ကျား(၁၁)ဦး+ မ(၃၄)ဦး၊ ပေါင်း(၄၅)ဦး၊ ပြင်ပ ဖြေဆိုသူ (မရှိ) ကြောင်းနှင့် အလားတူ အထက- မော်တုန်းစာစစ်ဌာနတွင် အထက- မော်တုန်းနှင့် အထက-လယ်သစ် အနောက်ကျောင်းများမှ အတွင်းဖြေဆိုသူ ကျား(၁၃)ဦး+ မ(၄၁)ဦး၊ ပေါင်း (၅၄) ဦး၊ ပြင်ပဖြေဆိုသူ (မရှိ) ကြောင်း၊ သို့ဖြစ်၍စာစစ်ဌာန (၃)ခုစလုံးတွင် အတွင်းဖြေဆိုသူ ကျား(၇၆)ဦး+ မ(၁၆၄) ပေါင်း(၂၄၀)ဦးနှင့် ပြင်ပမှဖြေဆိုသူ ကျား(၃၀)ဦး+ မ(၉၀)ဦး၊ ပေါင်း(၁၂၀)ဦး ဖြစ်သဖြင့် အားလုံးစုစုပေါင်း ကျား (၁၀၆)ဦး+ မ(၂၅၄)ဦး၊ စုစုပေါင်း (၃၆၀) ဦးတို့က ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်း ရရှိသည်။

၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် လျှောက်ထားသူ ကျောင်းသားဦးရေ နည်းနေသော အထက-ညောင်ပင်ကွင်း စာစစ်ဌာနနှင့် အထက-မော်တုန်း စာစစ်ဌာနတို့တွင် ကျောင်းသားမိဘများ၏ သဘောထားတောင်းဆိုမှုအရ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရရှိနိုင်ရေး အတွက် သက်ဆိုင်ရာသို့ တင်ပြထားရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးခင်ဇော်ထံက သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)