ငရုတ်ကောင်း ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ယနေ့နံနက် (၈)နာရီက မြို့သန့်ရှင်းသာယာလှပစေရေးအတွက် လမ်းဘေးဝဲယာများ တွင် စွန့်ပစ်ထားသော ပလစ်စတက်အိပ်ခွံများအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများ စုပေါင်း၍ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ငရုတ်ကောင်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ သုခဝတီလမ်းတစ်လျှောက် လမ်းဘေး ဝဲ/ ယာများတွင် စည်းကမ်းမဲ့စွန့်ပစ်ထားသော ပလစ်စတက်အိပ်ခွံများအား ဖယ်ရှားရှင်းလင်းခြင်း ဆောင်ရွက်ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် ငရုတ်ကောင်း မြို့ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရဲထွန်းဦးမှ ဦးဆောင်၍ စည်ပင်သာယာရေးဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)