ကြံခင်းမြို့တွင် မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းပြီး မြို့တော်သန့်ရှင်းသာယာလှပစေရေး (Clean City) ဖြစ်လာစေရန် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကြံခင်း  ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် မြို့တော်သန့်ရှင်း သာယာလှပစေရေး (Clean City) ဖြစ်လာစေရန် ယနေ့နံနက် (၇)အချိန်က မိုင်တိုင်(၄/၅) (၄/၆) ကြံခင်း-မြန်အောင် ကားလမ်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများက ကြံခင်း-မြန်အောင် ကားလမ်းမကြီး လမ်းဘေးဝဲယာများရှိ အမှိုက်များ၊ သစ်ကိုင်းခြောက်များ၊ သစ်ရွက်ခြောက်များ၊ ပလပ်စတစ်အိတ်များကို ကောက်ယူခြင်း အမှိုက်ကင်းစင်စေရန်၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် အမှိုက်ကားပေါ်တင်ပေးပြီး စနစ်တကျ စွန့်ပစ်နိုင်ရေး ပူးပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။

ကြံခင်းမြို့တွင် (Clean City) ဖြစ်လာစေရန် မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)