ဘုတ်ပြင်းမြို့၌ ကျေးရွာမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

ဘုတ်ပြင်း  ဇန်နဝါရီ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၌ ကျေးရွာမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ည ၈ နာရီက မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ထောင်စုံမဟက်ကျေးရွာအုပ်စု ဝါးချောင်းကျေးရွာတွင် သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍  ဝါးချောင်းကျေးရွာရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍  မီးဖိုးဆောင်ထင်းမီး၊ မီးသွေးမီး၊ ဂစ်မီးသုံးစွဲသူများ အနေဖြင့် သတ်မှတ်အချိန်တိုင်း သုံးစွဲမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ သုံးစွဲပြီးပါက စနစ်တကျ မီးငြှိမ်းသတ်ထားခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် အိပ်ရှင်များအနေဖြင့် မိမိနေအိမ် မီးဖိုဆောင်မီး အသုံးပြုနေစဉ် လူစောင့်မရှိဘဲ မီးအသုံးပြုခြင်း မပြုလုပ်ရန်နှင့် ကလေးသူငယ်၊ သက်ကြီးရွယ်အိုးများကိုလည်း မီးသုံးစွဲနေစဉ် မီးဖို‌ဆောင် အစောင့်ဖြစ်မထားခဲ့ရန်၊ မီးဖိုဆောင်နှင့် နေအိမ်ပတ်ဝန်းကျင်၌ မီးလောင်လွယ်မည့် စွန့်ပစ်အမှိုက်နှင့် မြက်ခြောက်များ ရှင်းလင်းထားရန်နှင့် မီးဘေးလုံခြုံရေး အသိ၊သတိရှိရန် တိုက်တွန်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။

ဖြူဖြူသိန်း