မင်းလှ ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့ မွန်းလွဲပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပေါက်ကုန်းအုပ်စု၊ ပေါက်ကုန်းကျေးရွာအနီး ပန်းဇံမြောင်း၊ မုက္ခာချောင်းဟောင်းနှင့် ချောင်းသစ်ထိပ် ထိန်းချုပ်ရေးတံခါး ဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှု့ခဲ့သည်။
ရှေးဦးစွာ ယာယီရှင်းလင်းဆောင်၌ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့အား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးကိုကိုဦးမှ ထိန်းချုပ်ရေးတံခါးများ လုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေနှင့် အကျိုးဖြစ်ထွန်းမှု အကြောင်းအရာများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဝန်ကြီးချုပ်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေ(ငွေလုံး) ဖြင့် ဆောင်ရွက်သည့် ပန်းဇံမြောင်း၊ မုက္ခာချောင်းဟောင်းနှင့် ချောင်းသစ်ထိပ်တွင် မုက္ခာချောင်းသစ် ရေထိန်း/ ရေလွဲတံတား၊ မုက္ခာချောင်းဟောင်း ရေထိန်းရေတံခါး၊ ပန်းဇံမြောင်းထိပ် ရေတံခါးတို့ကို ကြည့်ရှု့ခဲ့ကြောင်း၊ စိုက်ပျိုးရေး တောင်သူများက စိုက်ပျိုးရေရရှိရေးအတွက် လိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ရာ ဝန်ကြီးချုပ်က တာဝန်ရှိသူများအား စိုက်ပျိုးတောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါ ဆည်ရေသောက်စနစ်မှ ပိုလျံစီးဆင်းလာသည့် ရေများအား ထိန်းချုပ်ရေးတံခါး(၃)ခုမှ စိုက်ပျိုးရေ ခွဲဝေပေးခြင်းဖြင့် နွေစပါးနှင့် အခြားသီးနှံဧကပေါင်း (၃၀၀၀)ခန့် စိုက်ပျိုး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ